ပြန်မရနိုင်တော့ဘူး
ငယ်ရွယ်မှုတွေရယ်
ပြန်မဖြစ်နိုင်တော့ဘူး
ဟိုအရင်လိုဖြစ်ခဲ့ရင်လည်းကွယ်
အိပ်မက်တွေဟာလည်း
အရောင်တွေ မှေးမှိန်လာစဲကွယ်
အသက်ရှင်နေလည်း
ဘဝကသေတုန်းပဲ
ပျောက်ဆုံးနေခဲ့ ငါ့ကိုယ်ငါလည်းပဲ
အသက်မပါတဲ့ ဒီဖြစ်တည်မှုကြီးပဲ
ငါဘာတွေလိုနေလဲ
အဖြေကိုရှာဖွေဆဲ
ပျော်ရွှင်နိုင်ဖို့ခက်နေတယ်
ရှင်သန်နေလည်း အဓိပ္ပာယ်မဲ့
ငါဘာတွေလဲ
အရင်လိုပျော်ချင်တယ်
ငါငိုနေတောင်ပြုံးပြနေတယ် အဖြူရောင်တွေမည်းနက်နေတယ်
ငါဘာတွေလိုနေလဲ
ငါဘာတွေလိုနေလဲ
ငါဘာတွေလိုနေလဲ
ငါအသက်ရှူကြပ်ဆဲ
အရာရာကိုစိုးရိမ်မှုများနဲ့
သွေးတွေထွက်လည်း
လမ်းလျှောက်နေတုန်းပဲ
ပျောက်ဆုံးနေခဲ့ ငါ့ကိုယ်ငါလည်းပဲ
အသက်မပါတဲ့ ဒီဖြစ်တည်မှုကြီးပဲ
ငါဘာတွေလိုနေလဲ
အဖြေကိုရှာဖွေဆဲ
ပျော်ရွှင်နိုင်ဖို့ခက်နေတယ်
ရှင်သန်နေလည်း အဓိပ္ပာယ်မဲ့
ငါဘာတွေလိုနေလဲ
အရင်လိုပျော်ချင်တယ်
ငါငိုနေတောင်ပြုံးပြနေတယ်
အဖြူရောင်တွေမည်းနက်နေတယ်
ငါဘာတွေလိုနေလဲ
ငါဘာတွေလိုနေလဲ
ငါဘာတွေလိုနေလဲ
ငါဘာတွေလိုနေလဲ
ငါဘာတွေလိုနေလဲ
ဘာတွေလိုနေလဲ
လိုနေတာဟာဘာလဲ