ပန်းနုရောင် အိပ်မက်ကလေး
တို့ရဲ့အနား ပျံဝဲသွားသေး
အတွေးထဲမှာ ချာချာလည်
မူး နောက်နေ
ပန်းကလေးရေ
မင်းပြောပေး
ဒီ ပွင့်ဖတ်တွေ မနွမ်းသ၍
အချစ်မရှိတဲ့ ကမ္ဘာမြေမှာ
ကိုယ်မနေချင်ဘူးကွယ်
တွေ့တွေ့သမျှ အရာရာဟာ
တစ်ကယ် မစိုပြေနိုင်တော့တယ်
အသည်းအသက်နဲ့ အတူယှဉ်တွဲ
ဆူးလမ်းများ ကျော်လာခဲ့
အခုကျမှ ကိုယ်တစ်ယောက်တည်းကွယ်